တနိုင်း ဒီဇင်ဘာ ၁၃
တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ စံလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အသင်းအဖွဲ့များသို့ ချပြရှင်းလင်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ တနိုင်းမြို့နယ် ယာယီရဲမှူး မြသောင်းတို့က အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် လူကုန်ကူးမှူတားဆီးကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ တနိုင်းခရိုင် ယာယီဒုတိယရဲမှူးကြီး ဌေးဦး၊ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ တနိုင်းမြို့နယ် ယာယီရဲမှူး မြသောင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ(၁၀၀) တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မနောမြေ(တနိုင်း)