ပေါက်ခေါင်းမြို့နယ်၌ ငှက်ဖျားရောဂါအကြောင်းအသိပညာပေးပြောကြားပြီး ဆေးစိမ်ခြင်ထောင်များဖြန့်ဝေပေး

ပေါက်ခေါင်း       ဒီဇင်ဘာ      ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယမန်နေ့က ရွှေတောင်ငွေတောင်ကျေးရွာအုပ်စုရှိ ကျောက်ဖျာကျွန်းစိုက်ခင်းမှ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါအကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပေါက်ခေါင်းမြို့နယ်ဆရာဝန်ကြီးနှင့်အတူ ပြည်ခရိုင်ငှက်ဖျားရောဂါအဖွဲ့ခေါင်းဆောင် ဒေါက်တာဇေဖြိုးသန့်တို့ကဦးဆောင်၍  ကျောက်ဖျာကျွန်းစိုက်ခင်းမှပြည်သူများအား ငှက်ဖျားရောဂါနှင့် ပက်သက်၍အသိပညာပေးခြင်း၊ ကာကွယ်နေထိုင်ရမည့်နည်းလမ်းများကို အသိပညာပေးပြောကြားကာ ငှက်ဖျားရောဂါပိုးရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)