နတ်မောက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လူရွေးချယ်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စုစုပေါင်း(၂၂၂)ကျောင်းမှ ကျောင်းသား/ သူ (၅၁)ဦးတို့အား ဘောလုံး(ကျား/ မ)၊ ဘောလီဘော (ကျား၊မ) ပြေးခုန်ပစ် (ကျား/ မ)နှင့်ပိုက်ကျော်ခြင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်ကိုယ်စားပြုပြိုင်ပွဲကို မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်နိုင်ရေး ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များဖြစ်လာနိုင်ရေး တိုင်း၊ ခရိုင်အဆင့်အထိ ပြိုင်ပွဲများသို့ အဆင့်မီဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အဆင့် ရွေးချယ်ခံရသူများအား ခရိုင်အဆင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးဦးခင်မောင်သွင်ထံမှ သိရသည်။
လှဝင်း (ပြန်/ ဆက်)