သရက်ချောင်း ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Youth club အဖွဲ့ဝင်များအား Mobile ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း ရက်တိုသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ ဘေးအန္တရာယ်ကြုံတွေ့လာလျှင် အချိန်နှင့်တပြေးညီ စနစ်တကျ သတင်းပေးပို့နိုင်ရန်၊ နည်းပညာသဘောတရားကို အချိန်နှင့်တပြေးညီ နားလည်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက Mobile ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးထုတ်လွှင့်ခြင်း၊ တည်းဖြတ် ခြင်း၊ အသံသွင်းခြင်း၊ တီးလုံးထည့်သွင်းခြင်း၊ ဓာတ်ပုံအယူအဆ အနေအထားတို့ကို သင်ကြား ပေးခဲ့ကြောင်း သိရသည်။
သင်တန်းသို့ သရက်ချောင်းမြို့နယ်၊ ဌာနဝန်ထမ်းများနှင့်နည်းပညာစိတ်ဝင်စားသူ Youth Club လူငယ်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၂) ရက်တိုင်တိုင် စာတွေ့/လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)