သာယာဝတီ ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပတ်ရိတ်သတ်ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေခြင်းစသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ်ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်စေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်မျိုးစုံ(၂၀၀)အား ဌာနဆိုင်ရာရုံးများနှင့်စာသင်ကျောင်းများသို့ အပတ်စဉ်အလှည့်ကျစာအုပ်၊ စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝတီ (ပြန်/ဆက်)