ပြည်ကြီးမဏ္ဍိုင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ပြိုင်ပွဲတွင်  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏစွမ်းရည်သာမက ကာယစွမ်းရည်ပါ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီးနောက် ကာယပြိုင်ပွဲကိုကျင်းပရာ  ..က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းမှကျောင်းသား၊ ကျောင်းသူ (၂၃) ဦး တို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ် () ဦးအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

ကေခိုင်ဝင်း(ပြန်/ဆက်)