ရွှေတောင် ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု ချည်မျှင် အလကခွဲကျောင်းတွင် ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး ဟောပြောပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးနှင့်အမှတ် (၃၇)မူးယစ်တပ်ဖွဲ့စု (ပြည်) မှဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်လင်းထက်တို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်သိကောင်းစရာများ၊ မှုခင်းကျဆင်းရေးအကြောင်း၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးသက်ဖြိုးပိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ကျောင်းသား/ သူများအား ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)