သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး   ဒီဇင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဘိုးလင်းပစ်ပြိုင်ပွဲများကို ယနေ့နံနက် ()နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်၊ ကလေးစာဖတ်ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ် ဦးစီးအရာရှိ နော်လော်မူက(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းအကြောင်း သိရှိစေရန်လွတ်လပ်ရေးရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိစေရန်၊ ဉာဏ်ပညာစွမ်းရည်၊ ကာယစွမ်းရည်၊ ဉာဏ်ဏစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးပုံပြင်ပြော၊ ကဗျာရွတ်၊ ဘိုးလင်းပစ်ပြိုင်ပွဲများပြုလုပ်ပေးရာ ကျောင်းသူ/ကျောင်းသားများက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဆုရရှိသူများအားမြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ