ပုသိမ် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရေတွင်းကုန်းလေးကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းကုန်း လေးကျေးရွာ၌ တိုင်းဒေသကြီး ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ် နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးစတင်သုံးစွဲ နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ကျောင်းအုပ် ဆရာမကြီးတို့၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျေးရွာ၌ လျှပ်စစ်မီးဖွင့်လှစ်ပေးခြင်း ကြောင့်အိမ်ခြေ (၁၆၂) အိမ် တို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြောင်းအလျား ၁.၀၀၄မိုင်၊ ထိပ်ဝအကျယ်၂၀ပေ၊ အောက်ခြေအကျယ်၆ပေနှင့် ပျမ်းမျှအနက် ၇ပေရှိ ပုသိမ်မြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စု၊ဦးသိုး လူဖောက်မြောင်း တူးဖော်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦး စီးမှူးများက စိုက်ပျိုးရေရရှိနိုင်မှု၊ မိုးစပါး၊နွေစပါးစိုက်ပျိုးနိုင်မှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရန်နှင့် အချိန်မီပြီးစီးရန်၊ စိုက်ပျိုးရေအား တောင်သူများ အကျိုးရှိရှိ အသုံးချရန်၊ ဆိုလာစနစ်ဖြင့်ရေတင်နိုင်ရေး ဆောင်ရွက်ကြရန်ညွှန်ကြားခဲ့ပြီး ဒေသခံ တောင်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ အဆိုပါမြောင်းတူးဖော်ပြီးစီးပါက မြို့ချောင်း ကျေးရွာအုပ်စုရှိ မိုးစပါးစိုက်ဧက ၁၅၇ဧကအား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး နွေစပါးစိုက်ပျိုးချိန်တွင် တပ်ဆိပ်ချောင်းမှတစ်ဆင့်စီးဝင်လာသည့်မြစ်ရေဖြင့် ယခင်ရိုးပြက် ကျန်ဧကများမှ နွေစပါး ၁၅၇ဧကနှင့်ပဲတီစိမ်း၂၈ဧက စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရန်ကုန်-ပုသိမ် ကားလမ်းမကြီး မိုင်တိုင်အမှတ် မိုင် (၅၀)(၃)ဖာလုံနှင့် မိုင် (၅၀)(၄) ဖာလုံအကြားတွင် ဆောက်လုပ် လျက်ရှိသော ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) (၁၀၀ x ၆၀) RC နှစ်ထပ်အဆောက် အဦဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေးသာမက သတ်မှတ်ထားသောကာလအတွင်း လုပ်ငန်းများ ပြီးစီးစေရေးအတွက် အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)