ကသာ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်အ.ထ.က ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူလေးများက မီတာ-၂၀၀(ကျား/မ)အပြေး၊ (ကျား/မ) သံလုံးပစ်၊ မီတာ- ၄၀၀(ကျား/မ)အေပြေး၊ (ကျား/မ)သံပြားပစ်၊(ကျား/မ)သုံးဆင့်ခုန်နှင့် မီတာ -၁၅၀၀ (ကျား/မ)အလွတ်ပြေး ပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကိုးလည်း ဆက်လက်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အား/ကားမှူး ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။
ကျော်စွာ(ကသာ)