ချောက်​မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​ကျောင်းသားအား ကစားပွဲ​၊ မြို့နယ်အဆင့်လူ​ရွေးပွဲ ကျင်းပ

ချောက်   နိုဝင်ဘာ   ၁၂

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​ကျောင်းသား အားကစားပွဲ ​မြို့နယ်အဆင့်လူ​ရွေးပွဲကို မြို့နယ်ပညာ​ရေးမှူး​ ဒေါ်ခင်​လေးဖြူ အနီးကပ်ကြီးကြပ်မှုဖြင့် ယ​နေ့နံနက် (၇) နာရီအချိန်က မြို့နယ်အား ကစားကွင်းတွင် ကျင်းပ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသားအားကစားပွဲ ​မြို့နယ်အဆင့်လူ​ရွေးပွဲကို မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများမှ အသက် (၁၈) နှစ်​အောက်​ ကျောင်းသား/သူများဝင်​ရောက် ယှဉ်ပြိုင်ခဲ့​ကြပြီး ယ​နေ့ယှဉ်ပြိုင်သည့် ပြိုင်ပွဲများမှာ ကျား/မ ​ဘောလုံးပြိုင်ပွဲနှင့် ​ဘော်လီ​ဘောပြိုင်ပွဲ၊ ကျားပိုက်​ကျော်ခြင်းပြိုင်ပွဲများဖြစ်သည်။

အဆိုပါ ကျား/မ ​ဘောလုံးပြိုင်ပွဲတွင် ၈၀ ဦး၊ ကျား/မ ​ဘော်လီ​ဘောပြိုင်ပွဲတွင် ၂၀ ဦးနှင့် ပိုက်​ကျော်ခြင်း ပြိုင်ပွဲတွင် ကျား ၃၀ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ဒီဇင်ဘာ ၁၃ ရက်​နေ့တွင်လည်း​ ကျား/မ​​ပြေးခုန်ပစ် ပြိုင်ပွဲများအဖြစ် အပြေးပြိုင်ပွဲ (မီတာ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀) အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပြိုင်ပွဲများယှ်ပြိုင် သွားမည်ဖြစ်​ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲများတွင် ရွေးချယ်ခံသည့်​ ကျောင်းသား/သူများအ​နေဖြင့် ခရိုင်အဆင့်တွင် ဆက်လက်ဝင်​ရောက်ယှဉ်ပြိုင်ရမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)