ပေါက်ခေါင်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ အစိုးရဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးဘေးဖြစ်ပေါ်လာပါက လက်တွေ့မီးငြှိမ်းသတ်နည်းကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမီးသတ်ဦးစီးဌာနမှ ဌာနမှဝန်ထမ်းများ မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိရှိစေရန်နှင့် မီးဘေးကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် ယခုလိုမီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းသရုပ်ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးနှင့်မီးငြှိမ်းသတ်နည်း၊ ဓာတ်ဆီမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့်ဖုံးအုပ်မီးငြှိမ်းသတ်နည်းများကို အဆိုပါရုံးရှိဝန်ထမ်းများအား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)