တောင်တွင်းကြီး-မ‌ကွေးကားလမ်းမကြီး ဘေးဝဲ/ယာတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော သစ်သီးအရောင်းဆိုင်များအား စနစ်တကျရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် တောင်တွင်းကြီး-မကွေးကားလမ်းမကြီး ဘေးဝဲ/ ယာတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော သစ်သီးအရောင်းဆိုင်များ စနစ်တကျ၊ စည်းကမ်းတကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း တို့ကို ယနေ့ နံနက် (၈) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးစီးအရာရှိ (စည်းကမ်းထိန်း) နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက တောင်တွင်းကြီး- မ‌ကွေးကားလမ်းမကြီးဘေးဝဲ/ယာတွင် သစ်သီးမျိုးစုံ ရောင်းချနေသည့် စျေးသည်များ ကျုးကျော်ရောင်းချမှု ရှိ/မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်သော လတ်ဆတ်သည့် သစ်သီးများ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)