ရွှေဘိုခရိုင်ရုံး (Community Centre)ခန်းမတွင် ​ငလျင်​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ရွှေဘို ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ငလျင်​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး (Talk Show)ကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်​ချောစုက၊ ငလျင်​လှုပ်ခတ်ရသည့် အ​ကြောင်းအရင်းများ၊ ငလျင်​ဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာ​ဆောင်ရွက်ရန် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ ငလျင်လှုပ်ပြီး​နောက်ပိုင်း ပြုလုပ်ရမည့် အချက်များ၊ မြန်မာနိုင်ငံတွင် အင်အားအပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များနှင့် ပျက်စီးထိခိုက်​သေဆုံးမှုများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပြီး သဘာဝ​ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အ​ရေး​ပေါ်အကူအညီ​တောင်းခံမည်ဆိုပါက၊ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး ဝန်ကြီးဌာန (၂၄)နာရီ ဖွင့်လှစ်ထားသည့် Hot Line ဖုန်းနံပါတ် ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇ ကို ဆက်သွယ်​​တောင်းခံနိုင်ကြောင်း ​​ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်