ပလောက်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

ပလောက်    ဒီဇင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင် က ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုတက်လာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ အနာဂတ်တွင်ထွန်းတောက်သောလူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်၊ အရောင်များကို စနစ်တကျရွေးချယ်တတ်စေရန်၊ တီထွင်ဖန်တီးမှုစွမ်းရည်မြှင့်မားလာစေရန်၊ အသိပညာတိုးပွားလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပလောက်မြို့၊ အမက(ဖိုးပြန်ကုန်း)ကျောင်းမှ ကျောင်းသား/သူ (၁၅)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြရာဆုရရှိသည့် ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်များပေးအပ်ခဲ့ကြောင်း သိရသည်။ 

နှင်းမြူလွင် (ပလောက်)