ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါမဖြစ်စေရေးအတွက် အသိညာပေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်

ပိုင်ကျုံ  ဒီဇင်ဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်()နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူသွားလာများသည့် နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက်  Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ဝေငှပေးခဲ့ပြီး  အများပြည်သူ များ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန် /ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိပညာပေးရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ  ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက်   ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ထိုးနှံပေးသည့်အပြင် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းများကို လည်း  အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)