မြန်အောင် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့(၂) သည် ယမန်နေ့က ကန်စွန်းခုံကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်မောင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော ကွင်းဆင်းအဖွဲ့ (၂) စစ်ကြောင်းကြီး(၅)ကြောင်းသည် ကန်စွန်းခုံကျေးရွာအုပ်စု ကုန်းတလုံကျေးရွာ ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်းပညာရေး၊ ကျန်းမာရေး၊ ကျေးရွာတွင်းလမ်းတံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်း စသည့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျလိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်းသာယာ လှပရေးအသိပညာပေးခြင်းများ ဆောင်ရွက်၍ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)