ပန်းတောင်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ သမချေးငွေထုတ်ယူထားပြီး ကျန်ရှိနေသော(၁၇) ကြိမ်မြောက်ချေးငွေများ ပြန်လည်ပေးဆပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) အချိန်ကသမဝါယမဦးစီးဌာနရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့စိုးက မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ကြသော သမဝါယမအသင်းသားများထံတွင် ကျန်ရှိနေသော (၁၇)ကြိမ်မြောက် ထုတ်ချေးငွေကျန်များအား ပြန်လည်ကောက်ခံရေးနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအကုန်တွင် အရင်း၊ အတိုးများ ပြန်လည်ပေးဆပ်ရေးပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ ၂၀၁၉ ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ မြန်မာလိုရေးသားဖော်ပြသည့် သွင်းအားစုများကိုသာ သုံးစွဲရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အသင်းသူအသင်းသားများ စုစုပေါင်းအင်အား (၄၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)