ကံမမြို့နယ်၌ လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ် စကားဝိုင်းကျင်းပ

ကံမ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၏ မြဝတီခန်းမ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်   ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းစီစဉ် ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ  အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်က  အဖွင့်အမှာ စကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် လူငယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတွေ ပိုမိုရရှိစေရန်၊  စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊   လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့် ရည်ရွယ်ချက် ကောင်းများဖြင့်  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကံမမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊  လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကြီးပွားရေး၊    လူငယ်နှင့်  ခေါင်းဆောင်မှုကဏ္ဍ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ကျော်ဇေယျဝင်း (ကံမ)