ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပေါက်ခေါင်း     ဒီဇင်ဘာ     ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးဟောပြောရာတွင် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ထူးချွန်ထက်မြက်သောအနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရေး “လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးများ” အကြောင်းနှင့် ကျောင်းသားလူငယ်များအတွက် စာဖတ်နည်း(၃)နည်းကို ဗဟုသုတရရှိစေရန်အသိပညာပေးဟောပြောခဲ့သည်။

သန်းထွန်းအောင်(ပြန်/ဆက်)