တောင်ငူ ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့မစျေးကြီး၌ ခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သရုပ်ပြသပွဲဆောင်ရွက်ရာ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်သရုပ်ပြသပြီး ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မှူးဦးသက်ဝင်းက မီးသတ်ဆေးဗူး အသုံးပြုပုံများနှင့် မီးငြှိမ်းသတ်ခြင်းများကို ရှင်းလင်းပြောကြားပြီး စျေးသူစျေးသားများနှင့်အတူ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်သည်။
အဆိုပါသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်