စုကလိ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ယခုကာလအတွင်း ပဲတီစိမ်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သဖြင့် မြို့နေပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။
စုကလိမြို့ ဥက္ကရစ်ထကျေးရွာမှ တာနောထကျေးရွာအထိ စိုက်ပျိုးထားရှိသော ပဲတီစိမ်းများ အရင့်မှန်ပြီး ခူးဆွတ်ကာလသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် နံနက် ၇ နာရီမှ ၁၁ နာရီအထိ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ နေ့စားလုပ်အားခငွေ တစ်နေ့လျှင်အမျိုးသား တစ်ဦးထိုင်းဘတ်ငွေ ၂၅၀ ဘတ်နှင့် အမျိုးသမီး တစ်ဦးလျှင်ထိုင်းဘတ်ငွေ ၁၅၀ ခန့်ရရှိပြီး ပုံးကောက်အရေအတွက်ဖြင့် ခူးဆွတ်ပါက တစ်ပုံးလျှင် ခူးဆွတ်ခထိုင်းဘတ်ငွေ ၁၀၀ အထိ ရရှိသည်။
အဆိုပါ နေ့စားလုပ်အားခများအား ပဲတီစိမ်းခူးဆွတ်ခြင်း၊ အစေ့ထုတ်ပြောင်းများ ခူးဆွတ်ခြင်း၊ တောင်ယာငရုပ်သီးများ ခူးဆွတ်ခြင်းများဖြင့် ရရှိသောကြောင့် မြို့နေ ပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်