ကော့ကရိတ် ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေကြာစိုက်ပျိုးနည်း အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကိုက နေကြာအမျိုးအစားများ၊ စိုက်ပျိုးရာတွင် လိုအပ်သည့် မြေပြင်ခြင်း၊ စနစ်တကျ မြေသြဇာကျွေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ ရေသွင်းခြင်း စသည့်နေကြာစိုက်ပျိုးနည်း နည်းစနစ်များ၊ နေကြာတစ်တင်းကြိတ်လျင် ဆီ ၃ ပိသာခွဲ ထွက်ရှိနှုန်းများ နေကြာသည်စိုက်ရလွယ် အကြမ်းခံသည့် နေကြာဖြစ်ပြီး တောင်သူများအနေဖြင့် နေကြာကို စိုက်ပျိုးပါက ကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီကို စားသုံးရမည်ဖြစ်ကြောင်း စသည့် နေကြာစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးရလဒ်များ အကြောင်းကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်ဆက်)