စုကလိမြို့တွင် လူငယ်တို့ရှောင်ရှားစရာ မူးယစ်ဆေးဝါးအကြောင်းအသိပညာပေး Talk Show ပြုလုပ်

စုကလိ    ဒီဇင်ဘာ      ၁၂

ကရင်ပြည်နယ်မြဝတီ၊ ခရိုင်စုကလိမြို့တွင် လူငယ်များအကြားလူမျိုးတုန်းစေနိုင်သည့် မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေး လုပ် ငန်းအဖြစ် Talk Show အား ယနေ့နံနက်ပိုင်းတွင် စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centerတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့မှ ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုအောင်က လူငယ်များအကြား အနာဂတ်များအား အလွယ်တကူ ​ဖျက်စီးနိုင်သည့် မူးယစ်ဆေးအမျိုးမျိုးအကြောင်း၊ မူးယစ်ဆေးဝါးကို အစမ်းသဘောဖြင့်တောင် မသုံးစွဲသင့် ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကိုတတ်နိုင်သလောက်ရှောင်ရှားကြစေလို ကြောင်း၊ အငယ်တန်းစာရေးအင်အား(ပြ) ဒေါ်စိုးမို့မို့ဌေးက စိတ်ကြွဆေးပြားများအကြောင်း၊ မူးယစ်ဆေးသုံးစွဲမိလျှင် ဖြတ်နိုင်သည့်နေရာများအကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် Talk Show အား We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်