ကသာ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် U-19 ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် အ.ထ.က ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူလေးများက မီတာ-၁၀၀(ကျား/မ)အပြေး၊ (ကျား/မ) သံလုံးပစ်၊ မီတာ- ၈၀၀(ကျား/မ)အေပြေး၊ (ကျား/မ)လှံတံပစ်၊ (ကျား/မ)အလျားခုန်၊ အမြင့်ခုန်စသည့် အားကစားပြိုင်ပွဲများတွင် ဝင်ယှဉ်ပြိုင်ကြပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မီတာ -၂၀၀ (ကျား/မ)အပြေး၊ (ကျား/မ) သံပြားပစ်၊ (ကျား/မ)သုံးဆင့်ခုန်၊ မီတာ-၄၀၀(ကျား/မ) အပြေးနှင့် မီတာ-၁၅၀၀ (ကျား/မ)အလွတ်ပြေး ပြိုင်ပွဲများကို ဆက်လက်၍ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်အား/ကားမှူး ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)