လပွတ္တာမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၄၆/၂၀၂၂) အားရှင်းလင်းပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၁၂

ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၄၆/၂၀၂၂) အားရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရွေးနဒီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၄၆/၂၀၂၂) ပါအခန်း(၁၁)ခန်းအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသူများ၏ ​ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာ

ခရိုင် (ပြန်/ဆက်)