သရက် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အဆင့် အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ လူရွေးချယ်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် (၈) နာရီက အမှတ (၁) အခြေခံပညာ အထက်တန်း ကျောင်း ဘောလုံးကွင်း၊ တေဇခန်းမနှင့် ခရိုင်ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။
ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း သံလုံးပြစ်၊ လှံတံပြစ်၊ သံပြားဝိုင်းပြစ်၊ အမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန်နှင့် အပြေး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀) ၊ မီတာ (၈၀၀)၊ မီတာ (၁၅၀၀) ကစားနည်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက် (သရက်)