ရွှေတောင် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန့်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/ ၂၀၂၂) ဖြင့်ထုတ်ပြန်ထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား အသိပေးချပြရှင်းလင်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားရှိသောအသင်းအဖွဲ့ (၁)ဖွဲ့နှင့် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ရေးအဖွဲ့တွင်မှတ်ပုံတင်ထားရှိသော အသင်းအဖွဲ့ (၂ ၈)ဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၇၁) ဦး တက်ရောက်ခဲ့ကြပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆ / ၂၀၂၂) ဖြင့်ထုတ်ပြန်ထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းထားရှိမှု အခြေအနေ၊ မှတ်ပုံတင်လက်မှတ်ရရှိထားသော အသင်းအဖွဲ့များမှ လိုက်နာရမည့်တာဝန်များ၊ မှတ်ပုံတင်ခြင်းနှင့်သက်ဆိုင်ခြင်းမရှိသော အသင်းအဖွဲ့များ၊ တားမြစ်ထားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး (မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်) ရဲမှူးနိုင်စိုးက စီမံခန့်ခွဲရေးအရအရေးယူခြင်းများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အထွေထွေသိမှတ်ဖွယ်ရာများအား ချပြရှင်းလင်းခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)