စလင်းမြို့နယ်တွင် ခရမ်းချဉ်သီးစိုက် တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ

စလင်း  ဒီဇင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ပေါင်းထူးကျေးရွာရှိ တောင်သူအများစုသည် လယ်ယာလုပ်ငန်းများကို အများဆုံးမိရိုးဖလာအလုပ်တစ်ခုအဖြစ် အမြဲလုပ်ကိုင် လျက်ရှိရာ၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲစဉ်းငုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ ယခုခရမ်းချဉ်သီးစိုက်တောင်သူ ဦးကြည်မောင် စိုက်ပျိုးသည့် ခရမ်းချဉ်သီးမျိုး (၉၀၉) ခရမ်းချဉ်သီးပင်များကို စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း တောင်သူ ဦးကြည်မောင်ထံမှ သိရသည်။

စလင်းမြို့နယ် ပေါင်းထူးကျေးရွာ  ခရမ်းချဉ်သီးစိုက်ပျိုးသည့် တောင်သူ ဦဂကြည်မောင် သည် ခရမ်းချဉ်သီးမျိုး (၉၀၉) မျိုး၊ (၁) ဧကခွဲစိုက်ပျိုးထားရှိကာ စတင်စိုက်ပျိုးရက်  တန်ဆောင်မုန်းလ္ဆန်း ၃ ရက်နေ့မှစတင်၍  ယခုနှစ်တွင် အပင်ရေ (၂၂၅၀) ပင်ကို စတင် စိုက်ပျိုးခဲ့သည်။ ယခင်နှစ်ကအပင်ရေ (၁၂၀၀) ပင်စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် မိသားစု တစ်ပိုင်တစ်နိုင် အပင်ရေပို၍ စိုက်ပျိုးထားနိုင်ခဲ့သည်။ စတင်စိုက်ပျိုးရက်မှ ၂၂ ရက်အကြာ တွင် ခရမ်းချဉ်ပင်များမှ အပွင့်၊ အသီးကလေးများ စတင်ထွက်ရှိလာကြပြီဖြစ်သည်။

ခရမ်းချဥ်ပင် စတင် စိုက်ပျိုးဖို့ ယာမြေများအားထွန်ရေးညက်အောင် ထွန်ယက်၍  မိသားစုကိုယ်တိုင် ဘောင်တင်ခြင်း၊ မြောင်း ဖော်ခြင်းများပြုလုပ်၍ စိုက်ပျိုးရသည့်အတွက် အလုပ်သမား ငှားရမ်းခသက်သာခြင်း၊ အလုပ်သမားငှားမည် ဆိုပါက တစ်နေ့ကုန်  ၅၀၀၀ ကျပ် အနည်းဆုံးပေးချေရမည်ဖြစ်၍ တစ်ပိုင်တနိုင်စိုက်ပျိုး လုပ်ကိုင်သည့်အတွက် မိသားစု အပိုဝင်ငွေတိုးပွားမည်ဖြစ်၍ ခရမ်းချဉ်ပင်စိုက်ပျိုး လုပ်ကိုင်ရသည့်အတွက် ကုန်ကျစရိတ် နည်းပါးပြီး မိသားစုဝင်ငွေအပိုတိုးပွား၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ယခင်နှစ်ကအပင်ရေ (၁၂၀၀) ပင်ကိုသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် အပင်ရေ (၂၂၅၀) ပင် စိုက်ပျိုးခဲ့၍ စက်ရေတွင်းများ မိမိယာမြေအတွင်း တူးဖော်ထားခြင်းကြောင့် ရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် စတင်စိုက်ပျိုးခဲ့သည့်ရက်မှ ယနေ့အထိ အသီးအပွင့်များ ထွက်ရှိ လာ၍ ယနေ့အထိ ခရမ်းချဉ်သီး တစ်ပိသာလျှင် ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ်၊ ဝယ်ယူ စားသုံးရကြောင်းသိရှိရ၍ ရာသီဥတုကောင်းမွန်၍ ဖြစ်ထွန်းမည်ဆိုပါက လှိုင်လှိုင်သီးကာ ရောင်းချရမည်ဆိုပါက မိသားစုစားသုံးသည့်အပြင် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေ တိုးပွားပြီး တောင်သူများအဖို့ စျေးကွက်ဝင်ပြီး အဆင်ပြေလျက်ရှိမည်ဖြစ်ကြောင်းကို ခရမ်းချဉ်သီးစိုက် တောင်သူဦးကြည်မောင်ပြောကြားချက်အရ သိရှိရသည်။

မောင်လွင်(စလင်း)