မံစီ စက်တင်ဘာ ၂၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့၌ ယနေ့နံနက် ၁၀ နာရီက အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်အတွင်းမှ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွား (၉၆)ဦးအတွက် ထောက်ပံငွေ(၂,၈၈၀,၀၀၀)ကျပ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းကြည် ဦးဆောင် သည့် ဝန်ထမ်းများက အိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် တစ်လ (၁၀,၀၀၀)ကျပ် နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိနေကြောင်း၊ လွန်ခဲ့ သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလထပ်ဆောင်း ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀,၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရိန် (ပြန်/ဆက်)