ကျောက်တံခါးမြို့နယ်တွင် နေ့ချင်းပြီး အားကစားပြိုင်ပွဲများကျင်းပ

ကျောက်တံခါး ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ နေ့ချင်းပြီး အားကစားပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နေ့ချင်းပြီး အားကစားပြိုင်ပွဲများမှာ အာလူးကောက်၊ အိပ်စွပ်ပြေးနှင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲများဖြစ်ပြီး ဆုရရှိသူများအား မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

နေ့ချင်းပြီးအားကစားပွဲများသို့ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)