ဒေါ့ဖုန်းယန် စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အများပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ်စနစ်သို့ ရောင်းချရန် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် ခရီးသွား ပြည်သူများနှင့် ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အများပြည်သူများထံသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဝယ်ယူကြရန်၊ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက် ခြင်းမရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်း ဆောင်ရွက်ခြင်း ကို ဒေါ့ဖုန်းယန်မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့်အတူ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘိုဘိုလှိုင်နှင့် တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြသက်( ပြန်/ဆက် )