ညောင်လေးပင် ဒီဇင်ဘာ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၉ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က ညောင်လေးပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကို ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ မောင်ကောင်းမြတ်ကျော်က လူငယ်နှင့်နိုင်ငံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မခြူးမြတ်သွယ်က လူငယ်နှင့်ပရဟိတ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မအေးမြတ်ထွန်းက လူငယ်နှင့်ဇွဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ စောတာကလယ်က လူငယ်နှင့်ပြဿနာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မယွန်းဝတီက လူငယ်နှင့်အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10မှ မစံအိန္ဒြေငြိမ်းက လူငယ်နှင့်မိတ်ဆုံစားပွဲခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်းနှင့် အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်