မြန်အောင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ နေခြည်ဈေး၊ လမ်းဘေးဈေးဆိုင်/အိမ် ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မြန်အောင် စက်တင်ဘာ ၂၂

Coronavirus Disease 2019 (Covid-19) ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်အောင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ နေခြည်ဈေး၊ လမ်းဘေး ဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နေ့လယ် ၂ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ နေခြည်ဈေး၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော စည်း ကမ်း ထိန်းသိမ်းရေးအဖွဲ့များက လိုက်လံစစ်ဆေးခဲ့ကြသည်။

Coronavirus Disease 2019 (Covid-19) ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်အောင်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ နေခြည်ဈေး၊ လမ်းဘေး ဈေးဆိုင်/အိမ်ဆိုင်များဖြစ်သည့် ဆံပင် ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများအား (၂၁-၉- ၂၀၂၀) ရက်နေ့မှ(၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ရောင်းချသွားရန်၊ ပုဂ္ဂလိကဆေးဝါး အရောင်းဆိုင်များအား (၂၁-၉- ၂၀၂၀) ရက်နေ့မှ(၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အသိပေး အကြောင်းကြားထားသည်။

ဝင်းဗိုလ် (မြန်အောင်)