စလင်းမြို့နယ် ကြက်ခြေနီအသင်းမှ သွေးလှူဒါန်းခြင်းနှင့် ပါတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

စလင်း  ဒီဇင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမဆောင်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ သွေးလှူဒါန်းခြင်းနှင့် ပါတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်က သွေးလှူဒါန်းရခြင်းနှင့် ပါတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သွေးလှူရှင်အသစ်များအား  သွေးအုပ်စုများခွဲပေးခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ကြက်ခြေနီအသင်းမှတပ်စုမှူး ဦးစိုးနိုင်က ဦးဆောင်၍ ကြက်ခြေနီအသင်း၏ ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်က သွေးလှူရှင်၊ သွေးလှူရှင်သူတို့သိထားသင့်သည့်အချက်များနှင့် သွေးသန့်လှူနိုင်သော သွေးလှူရှင်များဖြစ်နိုင်ရန် လှူဒါန်းမှုပြုလုပ်နိုင်ရန် သိရှိလိုက်နာရမည့် အချက်များနှင့် ဆောင်ရန်၊ရှောင်ရန်များ၊ သွေးမှတဆင့် ကူးစက်တတ်သောရောဂါများ အကြောင်းများနှင့်  သွေးတစ်ပုလင်းလှူလိုက်ရခြင်းမှ အသက်တစ်ချောင်းတင်မဟုတ်ဘဲ မိသားစုတစ်စုလုံး၏အသက်၊ စီးပွားရေးများကို ကယ်တင်လိုက်ရခြင်းဖြစ်ကြောင်း ကျန်းမာသောသွေးပိုင်ရှင်များဖြစ်ကြ၍  မိမိလှူလိုက်သော သွေးတစ်ပုလင်းဖြင့် အသက်တစ်ချောင်းမှသည် မိသားစုတစ်စုလုံးကို ကယ်တင်ရာရောက်ကြောင်းဖြင့် မိမိကိုယ်ကိုယ်ဂုဏ်ယူသင့်ကြောင်း ပြောကြားခဲ့ကာ၊ သွေးလှူရှင်များအနေဖြင့် အသက်(၄၀)နှစ်ကျော်၍ ပုံမှန်သွေးလှူနေပါက ရရှိနိုင်သည့်အကျိုးကျေးဇူးများ ကတော့ လေဖြတ်ခြင်းဖြစ်နိုင်ချေနည်းပါးခြင်း၊ သွေးတွင်းအဆီများပုံမှန်အခြေအနေတွင် ထိမ်းထားနိုင်ကြောင်းနှင့် သွေးကို ပုံမှန်လှူဒါန်းနေခြင်းသည် တစ်ခြားသူများကို ကျန်းမာစေရုံသာမက. မိမိကျန်းမာရေးကိုလည်း မိမိကိုယ်တိုင်စောင့်ရှောက်ရာ ရောက်ကြောင်းဖြင့် ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကာ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် သွေးလှူရှင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှလည်း သိလိုသည်များကို မေးမြန်းခြင်းနှင့် တစ်ဦးနှင့်တစ်ဦးတွေ့ကြုံရသည့် အခက်အခဲများကို ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ပြီး သွေးလှူဒါန်းခြင်းနှင့်ပါတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲသို့ သွေးလှူရှင်များနှင့် ကြက်ခြေနီတပ်ထွဲ့ဝင်များ စုစုပေါင်း (၅၄) ဦး တက်ရောက်ကြပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးတင်အောင်မိုးက တပ်ဖွဲ့ဝင်များနှင့်သွေးလှူရှင်များ၏ အခက်အခဲများနှင့်မေးမြန်းခြင်းများကို ရှင်းလင်း ဖြေကြားခဲ့ကာ တက်ရောက်လာကြသည့်တပ်ဖွဲ့ဝင်များနှင့် သွေးလှူရှင်များအား အမှတ်တရ သော့ချိပ်များပေးခြင်းနှင့် အချိုရည်ဗူးများကို မြို့နယ်ကြက်ခြေနီအသင်းမှ တိုက်ကျွေးခဲ့ကြောင်းဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းကို မြို့နယ်ကြက်ခြေနီအသင်းထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)