ရွှေကျင် ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ကျွဲတဲရပ်ကွက် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများ မိတ်ဆုံနေ့လည်စာ စားပွဲကျင်းပခဲ့သည်။
မိတ်ဆုံနေ့လည်စာ စားပွဲတွင် ရွှေကျင်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သိန်းနိုင်လင်းက ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မိတ်ဆုံစားပွဲကျင်းပခြင်းဖြင့် ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ခင်ရင်းနှီးကြမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းမိသားစုများမှ မိတ်ဆုံနေ့လည်စာစားပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)