ထန်းတပင်မြို့နယ်၌ အငြိမ်းစားပင်စင်စား ဝန်ထမ်းများ၏ ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး

ထန်းတပင်(ပဲခူး) စက်တင်ဘာ ၂၂

ပဲခူးတိုင်ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့နယ်သီရိမင်္ဂလာခန်းမတွင် ယမန်‌နေ့ နံနက်ပိုင်းက စတင်၍ စနစ်တကျထုတ်ပေးလျက်ရှိ သည်။

ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မြို့နယ်သီရီ မင်္ဂလာခန်းမအတွင်းသို့ ဝင်ရောက်လျှင် စနစ်တကျ လက်ဆေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန် တိုင်းပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက် ပေး လျက်ရှိသည်။

ပင်စင်လစာငွေများကို စက်တင်ဘာ(၂၁)ရက်မှ (၂၃)ရက်နေ့အထိ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းနေ့ရက်များတွင် ထုတ်ယူခြင်း မရှိသူများအား မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ရုံးဖွင့်ရက် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ကြေညာထားကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)