သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းကျေးရွာတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၄/၂၀၂၂ ဖွင့်လှစ်

သာပေါင်း ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၄/၂၀၂၂ ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်တွင် သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်နှင့်အမှုဆောင်အဖွဲ့ဝင် ဦးကျော်တိုးတို့က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး Worldview International Foundation မြို့နယ်တာဝန်ခံက သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကာလ (၁၀.၁၂.၂၀၂၂) မှ (၁၂.၁၂.၂၀၂၂)ရက်နေ့အထိဖြစ်ကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်ညီညီမင်းနှင့်သင်တန်းနည်းပြများက ကျွန်းလျားကြီးနှင့် သစ်ဖြူကျေးရွာအုပ်စုတို့မှ သင်တန်းသား/သင်တန်းသူ(၂၅)ဦးတို့ကို စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ပြီး Worldview International Foundation ၏ ပံ့ပိုးကူညီမှုဖြင့် သင်တန်းဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း