ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  ဒီဇင်ဘာ  ၁

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ အချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ပြိုင်ပွဲများ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်(၂)ရပ်ကွက်ရှိ ကျောင်းသားလူငယ်များတို့က ခြင်းလုံးခတ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အုန်းသီးရိုက်ခြင်း၊ လွန်ဆွဲပြိုင်ပွဲ၊ ခြေတစ်ချောင်းထောက်အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲနှင့် ကင်းမြှီးကောက်အပြေးပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေပြီး ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)