မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်နေ ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင်(၁၀၀)ကျပ်နှုန်းဖြင့် ဒုတိယအကြိမ် ဝယ်ယူ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အတွင်းသန့်ရှင်း သာယာလှပ စေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေရေးနှင့်  Clean City, Green City, Smart City ဖြစ်လာစေရေး အတွက်  မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိသာလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား ဒုတိယအပတ်စနေနေ့အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်မှ နံနက် ၁၁ နာရီအချိန်အထိ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၅)လမ်း နှင့် မင်္ဂလာလမ်းထောင့်၌ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုအား လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်တို့မှ ကြည့်ရှု အားပေးခဲ့ကြပြီး  မြို့နယ်‌နေ ပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များ၊ မီးဖိုချောင်သုံးစွန့်ပစ် ပစ္စည်းများနှင့် လူ့အသုံးဆောင်စွန့်ပစ် ပစ္စည်းများအား တစ်ပိဿာလျှင် ကျပ်(၁၀၀) နှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး အပတ်စဉ် စနေနေ့တိုင်းတွင် ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကာ ကုန်ကျစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးချေ ဝယ်ယူမည်ဖြစ်ကြောင်း သိရ သည်။

အောင်အောင်(ပြန်/ဆက်)