ထားဝယ် ဒီဇင်ဘာ ၁၀
ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ကိုယ်လက်လှုပ်ရှား အားစားပြုလုပ်၍ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော တိုင်းဒေသကြီးဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်)ကို ယနေ့နံနက် ၆ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ကျင်းပသည်။
ထိုနောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများ က ရွှေဝယ်သီရီ အားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)ကို စုပေါင်း၍ပြုလုပ်ခဲ့ ကြသည်။
ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယ)အပတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများl အခြေခံ ပညာကျောင်းများမှ ဆရာ/ဆရာမများနှင့်ကျောင်းသား /ကျောင်းသူများ၊ ဒေသခံပြည်သူများစုစုပေါင်း (၁၀၅၀)ဦး ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာအားကစားလ စုပေါင်း လမ်းလျှောက်ပွဲ ကို အပတ်စဉ် စနေနေ့ တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ဒီဇင်ဘာအားကစားလ အထိမ်းအမှတ်အဖြစ် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ က လွန်ဆွဲပြိုင်ပွဲများတွင် တစ်ပျော်တစ်ပါးပါဝင်ဆင်နွဲရာ ပြိုင်ပွဲများတွင်ဆုရရှိသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင် က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)