ရွှေတောင်မြို့နယ်တွင် ဒီဇင်ဘာ (ဒုတိယအပတ်) လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့ နံနက် ၅ နာရီက ဒီဇင်ဘာ (ဒုတိယအပတ်)  လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒီဇင်ဘာ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့မှပြည်-ရန်ကုန် ကားလမ်းတစ်လျှောက် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်း ဇွန်ကျေးရွာအထိ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့ ပေါ် (၃) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့် လူထုအားကစား စုပေါင်းလမ်းလျှောက်ခဲ့ပြီး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)