ကျွန်းလှ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက အသိပညာပေး Talk Show ကျင်းပခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျွန်းလှမြို့နယ်၊ ဥပဒေအရာရှိ ဦးသန်းထွန်းအောင်က ကလေးအလုပ်သမားဖြစ်ရ ခြင်းအကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေနှင့် အခွင့်အရေးများ၊ ကလေးအလုပ် သမားပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဗျာ၊ ပုံပြင်၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ Talk Show နှင့် အသိပညာပေး ဟောပြောပွဲများကို Online မှ တစ်ဆင့် လစဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ