အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊‌ တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေး

တောင်တွင်းကြီး ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊‌ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင် စေတီတော်မြတ်ကြီးရှေ့တွင် ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ပြည်သူလူထုစားဝတ်နေရေး အဆင်ပြေမူရှိစေရေး အတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက် သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြီ ၁၅၀၀ ကျပ်၊ ဆီ (၅၀)သား ၂၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၅၀၀ ကျပ်၊ ငါးတစ်ပိဿာ ၆၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ(၁၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ကြက်ဥငါးလုံး ၉၀၀ ကျပ်၊ ခရမ်းချဉ်သီး (၅၀)သား ၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း (၅၀) သား ၅၀၀ ကျပ် နှုန်းဖြင့် စျေးနူန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ကြက်သွန်ဖြူ၊ အာလူး၊ ဗူးသီး၊ ဂေါ် ဖီ၊ ချဥ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီး စသည့်ကုန်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား မြို့ပေါ်(၁၀) ရပ်ကွက်နှင့်‌ ကျေးရွာများမှပြည်သူများ လွတ်လပ်စွာဖြင့် ဝယ်ယူလျှက်ရှိရာ နယ်‌မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရူ့ကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)