မင်းလှ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုစီစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်ကအဖွင့်အမှာ စကားပြောကြားပြီး သာယာဝတီခရိုင်အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က မြို့နယ်ရပ် ကွက်ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့များအ နေဖြင့် လူကုန်ကူးမှုဖြစ်စဉ်များ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာများဖြန့်ဝေပေးနိုင်ရေး ရပ်ရွာအခြေပြု လူကုန်ကူးမှုစီစစ်ဖော်ထုတ်ရေး လုပ်ငန်းစဉ်များထိရောက်အောင် မြင်စေရေး အတွက် ရည်ရွယ်ပြီး ယခုလိုရက်တိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှု ဖြစ်စဉ်များဖြစ်ပေါ်လာရခြင်းအကြောင်းများ လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဥပဒေ နည်းဥပဒေများ အားကိုယ်တွေ့ဖြစ်ရပ်များနှင့် အသေးစိတ်ရှင်းလင်း၍ အသိပညာပေး သင်ကြားပေးခဲ့သည်။
အဆိုပါရက်တိုသင်တန်းတွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစီစစ်ဖော် ထုတ်ရေးအဖွဲ့ဝင်သင် တန်းသား (၁၅၀)ဦးအား သင်တန်းကာလ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိစာတွေ့ နှင့် လက်တွေဖြစ်ရပ်များကို ပရိုဂျက်တာဖြင့် ပြသသင် ကြားပေးခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)