သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သဲကုန်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ဒေါက်တာခင်မောင်ညို  ရေးသားသည့်  ‘‘လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း’’ စာအုပ်ဖြင့် ယမန်နေ့က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စာဖတ်ဝိုင်းကို ဆက်လက် ပြုလုပ်ရာ   ‘‘မှားမှာကိုမကြောက်ပါနဲ့၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်၊ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ၊ ယုံကြည်စိတ်ချမှုနှင့် ဘဝအမြင်၊ လူငယ်နှင့် အောင်မြင်ခြင်း၊ လူငယ်နှင့် တာဝန်သိမှု  စသည့်စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြပြီး စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများက ‘‘လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း’’ စာအုပ်မှ စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ အမြင်များကို ရှုထောင့် အမျိုးမျိုးဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)