ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် စကားဝိုင်း ကျင်းပ

အောင်လံ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပညာရေးမှူးဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်စကားဝိုင်းကျင်းပခြင်းဖြင့် ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများတိုးပွားစေပြီး အချင်းချင်းဆွေးနွေးညှိနှိုင်းတတ်ခြင်း၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များထက်မြက်လာစေခြင်း၊ စာကြည့်တိုက်များနှင့်ရင်းနှီး ကျွမ်းဝင်လာစေ ခြင်း စသည့် ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက Moderator အဖြစ်ဆောင်ရွက်ကာ Grade-10 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူ (၄)ဦးမှ လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ခေါင်း ဆောင်မှုကဏ္ဍစသည့် ခေါင်းစဉ်အသီးသီးဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက်တက် ရောက်လာသော ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဦးဆောင်ဆွေးနွေးသူများနှင့် ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဦးမျိုးသိန်းမှ ဗလာစာအုပ်များ အမှတ်တရ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဗဟုတုသကြွယ်ဝဖို့စာကြည့်တိုက်ကို သွားကြစို့ နံရံကပ်စာစောင်အား တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်သူ ဦးရေ(၁၅၀) ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)