ရွှေတောင်မြို့နယ်တွင် "ဘဝလမ်းညွှန်"စာကြည့်တိုက် ဖွင့်ပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၀

ပဲခူး တိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု ၊ ညောင်ဝိုင်းကျေးရွာ ၊"ဘဝလမ်းညွှန် "စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ ရွာဦးကျောင်းတိုက်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ဝါသေဌနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်တို့က "ဘဝလမ်းညွှန် "စာကြည့်တိုက်အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ "ဘဝလမ်းညွှန်"စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး  ရွာဦးကျောင်းတိုက်ဆရာတော်  သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ဝါသေဌက စာကြည့်တိုက်အား ပြန်လည် ပြုပြင်ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ယခင်စာကြည့်တိုက်အဆောက်အဦသည် နှစ်ကာလကြာမြင့်ပြီဖြစ်၍ ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ရန်လိုအပ်သဖြင့် စေတနာရှင်၊ အလှူရှင်များစုပေါင်း၍ တန်ဖိုးကျပ် (၈၁)သိန်းဖြင့် ယခုလို အသစ်ပြန်လည် ဆောက်လုပ် လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်း‌ေပြာကြားခဲ့သည်။ ဆက်လက်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က စာကြည့်တိုက် ရေရှည်ရှင် သန်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ယင်းနောက်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စာကြည့်တိုက် အားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ပြန်/ဆက်