ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ​စိုက်ပျိုးရေးဆေးပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

ဒိုက်ဦး ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့အတွင်း စိုက်ပျိုးရေး ဆေးပစ္စည်းအမျိုးမျိုး ရောင်းချနေသော ဆိုင်များတွင် ရောင်းချနေသည့် ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသား မြန်မာဘာသာဖြင့် ရေးသားရာတွင် ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)