ကန့်ဘလူ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ပြည်သူများ ကြံ့ခိုင်ကျန်းမာစေရေးအတွက် ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ထိုသို့ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူး ကြီးသောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘော်ဒါဆောင်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ် ၅ ရပ်ကွက်မှ ပြည်သူများ စုပေါင်းကာ ပိတောက်သိင်္ဂီခန်းမရှေ့စုရပ်မှ စတင်ထွက်ခွာ၍ ဗိုလ်ချုပ်လမ်း၊ တပင်ရွှေထီးလမ်းအတိုင်း လျှောက်ကာ ရွှေပြည့်စုံဆိုင်ထောင့်မှ တပင်ရွှေထီး လမ်းအတိုင်း ပြန်လည်လျှောက်ခဲ့ကြပြီး ဘူတာလမ်းမှ တစ်ဆင့် မဟာရွှေစည်ကြီးစေတီတော်ဝန်းအထိ လျှောက်ကာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)